တောင်တန်း

တောင်တန်း (mountain range) ဆိုသည်မှာ လိုင်းတစ်ခုအဖြစ် တန်းစီတည်ရှိပြီး မြင့်မားသော မြေပြင်များဖြင့် ချိတ်ဆက်ထားသည့် တောင်များ သို့မဟုတ် တောင်ကုန်းများ၏ အစီအစဉ်တန်းတစ်ခု ဖြစ်သည်။ တောင်တန်းစနစ် (mountain system) သို့မဟုတ် တောင်တန်းခါးပတ် (mountain belt) ဆိုသည်မှာ အများအားဖြင့် တောင်ဖြစ်စဉ် (orogeny) တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာပြီး[၁] ပုံသဏ္ဌာန်၊ တည်ဆောက်ပုံနှင့် တန်းစီတည်ရှိမှု တူညီကြသော တောင်တန်းများ၏ အုပ်စုတစ်ခု ဖြစ်သည်။ တောင်တန်းများသည် အမျိုးမျိုးသော ဘူမိဗေဒ ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာကြသော်လည်း ကမ္ဘာပေါ်ရှိ ထင်ရှားသော တောင်တန်းအများစုမှာ ကျောက်ချပ်လွှာ ရွေ့လျားမှုများ (plate tectonics) ၏ ရလဒ်ကြောင့် ဖြစ်သည်။[၂] တောင်တန်းများကို နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်အများအပြားပေါ်တွင်လည်း တွေ့ရှိရပြီး ကုန်းမြေမျက်နှာပြင်ရှိသော ဂြိုဟ်အများစု၏ ထူးခြားချက်တစ်ခု ဖြစ်နိုင်သည်။
တောင်တန်းများကို အများအားဖြင့် မြင့်မားသော ကုန်းပြင်မြင့်များ (Highland) ချိုင့်ဝှမ်းများ (Velly) ဖြင့် ပိုင်းခြားထားလေ့ရှိသည်။ တောင်တန်းတစ်ခုတည်းအတွင်း၌ရှိသော သီးခြားတောင်များသည် ဘူမိဗေဒ တည်ဆောက်ပုံ သို့မဟုတ် ကျောက်အမျိုးအစား (petrology) တူညီရန် မလိုအပ်ပါ။ ၎င်းတို့သည် သီးခြားဖြစ်ပေါ်လာသော တောင်ဖြစ်စဉ်များနှင့် ကုန်းမြေအပိုင်းအစများ ရောနှောပါဝင်နေခြင်း ဖြစ်နိုင်ပြီး၊ ဥပမာအားဖြင့် တွန်းကန်ကျောက်လွှာများ (thrust sheets)၊ မြင့်တက်လာသော ကျောက်တုံးကြီးများ (uplifted blocks)၊ ခေါက်တွဲတောင်များ (fold mountains) နှင့် မီးတောင် မြေမျက်နှာသွင်ပြင်များ စသည်ဖြင့် ကျောက်အမျိုးအစား အမျိုးမျိုးကို ဖြစ်ပေါ်စေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Definition of mountain system။ Hudson Institute of Mineralogy။ 26 August 2017 တွင် ပြန်စစ်ပြီး။
- ↑ Hammond, Allen L. (1971-07-09). "Plate Tectonics (II): Mountain Building and Continental Geology" (in en). Science 173 (3992): 133–134. doi:. ISSN 0036-8075. PMID 17739640. Bibcode: 1971Sci...173..133H.