ကိုရီးယားအဆင့်မြင့် သိပ္ပံနန့် နည်းပညာ တက္ကသိုလ်
ဒေဆောင်းပါးစွာ သဒ္ဒါ၊ သတ်ပုံ၊ ရီးဟန် စသည်ရို့အတွက် ဝီကီစံညွှန်းနန့်အညီ အရီးအသား တီးဖြတ်ပီးဖို့ လိုအပ်နိန်ရေ။ |
အာသျှထိပ်တန်း တက္ကသိုလ်တခုအဖြစ် ရပ်တည်နီရေ ကိုရီးပြီး အဆင့်မြင့် သိပ္ပံနန့် နည်းပညာ တက္ကသိုလ် (Korea Advanced Institute of Science and Technology - KAIST) ကို ၁၉၇၁ ခုနှစ်က စတင်တည်ထောင်ခပါရေ။ တောင်ကိုရီးယားနိုင်ငံ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရီးအတွက် အမေရိကန် စက်မှုနည်းပညာသျှင်က အဓိက အကူအညီပီးရီး အစီအစိုင်နန့် တောင်ကိုရီးယားအစိုးရက ဖွင့်လှစ်ခီလတ် တက္ကသိုလ်ဖြစ်ပါရေ။
တောင်ကိုရီးယားသမ္မတနိုင်ငံ စတင်တည်ထောင် ပြီးကေ ဖွင့်လှစ်ခီလတ် ပထမဆုံးအနိန်နန့်သော စက်မှုနန့် နည်းပညာ အသက်မွီးဝမ်းကျောင်း ပညာသင်ကျောင်း တခုလည်းဖြစ်ပါရေ။ လက်ဟိမာတော့ခါ အာသျှဒေသမားမာ နံပါတ် ၁၀ နီရာမာ ရပ်တည်နီရေ တက္ကသိုလ်တခုဖြစ်ကာ တောင်ကိုရီးယားနိုင်ငံမာတော့ နံပါတ် ၂ နီရာမာ ရပ်တည်နီရေ တက္ကသိုလ် ဖြစ်ပါရေ။ ဒေတက္ကသိုလ်ကို အတိုကောင်အားဖြင့် KAIST (ကိုက်စ်) လို့ ခေါ်ကတ်ပါရေ။
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၇၁ ခုနှစ်မာ တောင်ကိုရီးယားသမ္မတ ပတ်ချုန်ဟီးက တောင်ကိုရီးယားနိုင်ငံ စက်မှုဖွံ့ဖြိုးတိုးတက်ရီးတိကို ပြုလုပ်ဖို့အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရီးအေဂျင်စီ (USAID) မှ အမေရိကန်ဒေါ်လာ ၃၄ သန်းကို ချီးယူခပြီးကေ စက်မှုဖွံ့ဖြိုးတိုးတက်စီဖို့ အစီအစိုင်တိကို ရီးဆွဲခပါရေ။[၁] ယင့်ချင့်ပိုင်ရီးဆွဲရာမာ အနာဂတ်မာ စက်မှုပညာသျှင်တိစွာ ပေါ်ပေါက်လာရီးကို အဓိကဦးတည် ခစွာကြောင့် စက်မှုလက်မှုသိပ္ပံကျောင်းကို စတင်တည်ထောင်ခပါရေ။
ယင်းပိုင် တည်ထောင်ပြီးကေ အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ ဒုတိယ အဓိပတိဖြစ်သူ ဖရက်ဒစ် အီး တာမန်း (Frederick E. Terman) နန့် ဘရွတ်ကလင်း စက်မှုအသက်မွီး သိပ္ပံကျောင်းမှ ဂျောင်ဂမ်မို ရို့က စက်မှုသိပ္ပံကျောင်းအတွက် အဓိက သင်ကြားရီးအစီအစိုင်တိကို ရီးဆွဲပီးခကာ တောင်ကိုရီးယားနိုင်ငံ အတွက် အားထားရမဲ့ စက်မှုပညာသျှင်ဘွဲ့ရတိကို လိ့ကျင့်ပျိုးထောင် မွီးထုတ်ပီးခပါရေ။ ၁၉၇၃ ခုနှစ်မာ သုတေသနနန့် သင်ကြားရီး လိ့ကျင့်ရီး အစီအစိုင်တိကို စတင်နှိုင်ခကေလေ့သော့ ၁၉၈၄ ခုနှစ်ရောက်မှ စက်မှုအိန်ဂျန်နီယာ ဘွဲ့တိကို ပီးအပ်နှိုင်ခပါရေ။
အစောပိုင်းကာလတွေတုံးက KAIST (ကိုက်စ်) ဟာ စက်မှုလုပ်ငန်းတိမာ ဝင်ရောက်လုပ်ကိုင်နှိုင်ရေ စက်မှုပညာသျှင်တိစွာ မွီးထုတ်နှိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ပညာရီးအစီအစိုင်ကို ရီးဆွဲခဲ့ယေကေလည်းသော့ ၁၉၇၃ ခုနှစ်မှ စတင်ကာ စက်မှုလုပ်ငန်း၏ အဓိကသော့ချက်ဖြစ်ရေ နည်းပညာနန့် အတွေးအခေါ်သစ်များ ပေါင်းစပ်တည်ထွင်နှိုင်ရေ ပညာသျှင်တိပေါ်ပေါက်လာစီရန်ရည်ရွယ်ပြီး ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်သင်တန်းတိကို ဖွင့်လှစ်ကာ သာမန်စက်မှုပညာသျှင်တိထက် အတွေးအခေါ်ကောင်းမွန်ရေ စက်မှုနည်းပညာသျှင်တိ မွီးထုတ်ပေး နိုင်ရီးကို အဓိကရည်ရွယ်ခပါရေ။
၁၉၈၉ ခုနှစ်မာ ကိုရီးပြီး နည်းပညာတက္ကသိုလ် (KIT) နန့် KAIST (ကိုက်စ်) ရို့ပူးပေါင်းလိုက်ပြီး အယင်ဖွင့်လှစ်ထားရေ ဆိုးလ်မြို့မှ ဒေးဂျောင် (Daejeon) ဒေသမာဟိရေ ဒေးဒုတ် (Daedeok) စက်မှုမြို့ကို ပြောင်းရွိခပါရေ။
၂၀ဝ၆ ခုနှစ် ဂျူလိုင်လမာ ကျောင်းအဓိပတိတာဝန်ကို လွဲယူခရေ ဆပ် က KAIST (ကိုက်စ်) စက်မှုတက္ကသိုလ်ဖွံ့ဖြိုးရီး အစီအစိုင်ကိုရီးဆွဲခပါရေ။ ဒေအစီအစိုင်ကို KAIST (ကိုက်စ်) ၅နှစ်ဖွံ့ဖြိုးရီး စီမံကိန်းလို့ နာမည်သတ်မှတ်ခပြီး KAIST (ကိုက်စ်) ဟာ နောက်လာမဲ့ ၅ နှစ်အတွင်းမာ ကမ္ဘာ့ထိပ်တန်း စက်မှုတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရီးကို အဓိကရည်ရွယ် ခခြင်း ဖြစ်ပါရေ။ ၂၀ဝ၈ ခုနှစ်မာတော့ခါ ကိုရီးပြီးအဆင့် သိပ္ပံနန့်နည်းပညာတက္ကသိုလ် (Korea Advanced Institute of Science and Technology) လို့ သတ်မှတ်နီရာမှ KAIST (ကိုက်စ်) ဆိုရေ အတိုခေါက်နည်မည်ကိုရာ တရားဝင်သုံးစွဲရန် သတ်မှတ်လိုက်ပါရေ။
ပညာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]KAIST (ကိုက်စ်) က ကျင့်သုံးနီရေ ပညာရီးစနစ်ကတော့ တမူထူးခြားတေလို့ ဆိုနှိုင်ပါရေ။ KAIST (ကိုက်စ်) ဟာ တောင်ကိုရီးယားအစိုးရ၏ အထောက်အပံ့ကို အပြည့်အဝရဟိရေ သုတေသနအထူးပြု စက်မှုတက္ကသိုလ် ဖြစ်ပါရေ။ ယေဇုနန့် KAIST (ကိုက်စ်) မာ ဇာပိုင်ဘာသာရပ်မဆို သင်ကြားခွင့်ရစွာကြိုက်ရေ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူကျောင်းသားတိုင်းဟာ နီ၊ စား စရိတ်ငြိမ်း ပညာတော်သင်ဆုကို ရဟိကတ်ပါရေ။
ထူးခြားမှုအနိန်နန့် ပါရဂူဘွဲ့ကျောင်းသားတိစွာ တောင်ကိုရီးယားနိုင်ငံမာ ပြဋ္ဌာန်းထားရေ နိုင်ငံသားတိုင်း စစ်မှုတာဝန် ၃နှစ် ထမ်းဆောင်ရဖို့ဆိုရေ အချက်မှ ကင်းလွတ်ခွင့်ရပြီးကေ စစ်မှုတာဝန် ထမ်းဆောင်စရာ မလိုပါ။ နိုင်ငံတကာမှ ကျောင်းသားတိကိုလေ့စရိတ်ငြိမ်း ပညာတော်သင်ဆု ပီးအပ်လေ့ဟိပါရေ။ ယကေလေ့သော့ တောင်ကိုရီးယား နိုင်ငံသားအများစုကိုရာ လက်ခံလေ့ဟိပါရေ။
KAIST (ကိုက်စ်) ၏ သင်ကြားရီး အစီအစိုင်ကတော့ အိန်ဂျန်နီယာဘာသာရပ်တိနန့် သင်္ချာဘာသာရပ်ကိုရာ အထူးပြုသင်ကြားခြင်းပါ။ အရာ ဇာ ဘာသာရပ်ကိုမျှ သင်ကြားခြင်းမဟိပိုင် ဘာသာရပ်ဌာနခွဲများ အဖြစ် ဖွင့်လှစ်ထားခြင်းလေ့မဟိပါ။ သင်ကြားလတ် ဘာသာရပ်တိအားလုံးကို အိန်းဂလိချ်ဘာသာဖြင့် သင်ကြားခြင်းလည်းဖြစ်ပါရေ။
KAIST (ကိုက်စ်) ၏ သင်ကြားရီး၊ လိ့ကျင့်ရီး အစီအစိုင်အားလုံးကို အစိုးရက ထိန်းချုပ်ထားပြီးသား စက်မှုနည်းပညာဝန်ကြီးဌာန၏ အဓိကလမ်းညွှန်မှုဖြင့် လုပ်ဆောင်ရယက်။ ဘွဲ့ကြို သင်တန်းသားတိဟာ နှစ်သက်ရေ ဘာသာရပ်တိကို ရွီးချယ်ခွင့် သင်ယူခွင့်ဟိပါရေ။ ဘွဲ့လွန်ဘွဲ့များဖြစ်ရေ မဟာဘွဲ့နန့် ပါရဂူဘွဲ့တိအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး သက်ဆိုင်ရာ ဘာသာရပ်အတွက် ထူးခြားရေ စွမ်းဆောင်ရည်ဟိမှရာ ကျောင်းဝင်ခွင့်ရဟိကတ်ပါရေ။ ယင်းချင့် ဘွဲ့တိအတွက် နိုင်ငံတကာအသိအမှတ်ပြု ပညာရီးစာဆောင်များမာ ဆောင်းပါးတိ ပါဝင်ရီးသား နိုင်သူတိကိုသာ အဓိကထားရွီးချယ်လေ့ဟိပါရေ။
KAIST (ကိုက်စ်တ်) မှ ၁၉၇၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထဲ မွီးထုတ်ပီးလိုက်ရေ ဘွဲ့ရကျောင်းသားပေါင်း ၁၃၇၅၀ဝ လှောက်ရှိပြီး မဟာဘွဲ့ရသူပေါင်း ၂၄၈၀ဝ ခန့်၊ ပါရဂူဘွဲ့ရပေါင်း ၉၈၇၉ ဦး အထိဟိပါရေ။ ၂၀၁၄ ခုနှစ် ဧပြီလမာ KAIST မာ စာရင်းသွင်းခီလတ် ကျောင်းသား ၁သောင်းကျော် အနက် ကျောင်းသား ၃၉၀ဝ ကျော်သာ ဘွဲ့ရဟိခကတ်ပါရေ။ KAIST သို့ ကျောင်းတက်ခွင့်ရစွာကြိုက်ရေ ကျောင်းသားအမျာစုဟာ သိပ္ပံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်ပါရေ။ နိုင်ငံပေါင်း ၇၀ ကျော်မှ ကျောင်းသား ၆၀ဝ ခန့်လေ့ တက်ရောက်နီကတ်ပါရေ။
ဌာနနန့် ပရဝုဏ်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]KAIST (ကိုက်စ်) မာ လက်အောက်ခံကောလိပ် ၆ ခု၊ ကျောင်း ၂ ကျောင်းနန့် ဌာန ၃၃ ခုဟိရေအပြင် တောင်ကိုရီးယားနိုင်ငံ အဆင့်မြင့်စက်မှုလိလာရီး (KIAS)၊ နိုင်ငံတော် နာနိုဖာ့ စင်တာ (NNFC) နန့် ကိုရီးပြီးသိပ္ပံအကယ်ဒမီ (KSA) စရေ အသက်မွီးဝမ်းကျောင်း ပညာသင်ကျောင်းတိလည်းဟိပါရေ။
KAIST ၏ ကျောင်းပရဝုဏ်နှစ်ခုဟိပြီးး တခုကတော့ ဒေးဂျောင်ဒေသမာဟိကာ တခုကတော့ ဆိုးလ်မြို့မာဟိပါရေ။ တက္ကသိုလ်၏ သုတေသနစင်တာကတော့ ဒေးဂျောင်ပရိဝုဏ်ဟိ ဒေးဒုတ်စက်မှုမြို့မာ တည်ဟိပါရေ။ ဒေးဒုတ်စက်မှုမြို့မာ ကီလိုမီတာ ၁၅၀ ကျယ်ဝန်းသော မြေမာ စက်မှုသုတေသန အလုပ်ရုံပေါင်းများစွာ တည်ဆောက်ထားခြင်းလည်းဖြစ်ပါရေ။
ဒေးဂျောင် ပရဝုဏ်မာ စာသင်ခန်းမ၊ သုတေသနစင်တာတိ စက်မှုလုပ်ငန်းအလုပ်ရုံများတည်ဟိပြီး ကျောင်းသားတိအားလုံးဟာ ကျောင်းဝင်းထဲမာပဲ အဆောင်နေစနစ်ကို ကျင့်သုံးရယက်။ ယကေလေ့သော့ အိမ်ထောင်ဟိရေ ကျောင်းသားတိကတော့ ကျောင်းဝန်းပြင်ပမာရာ နီထိုင်ရလေ့ဟိပါရေ။
ဆိုးလ်မြို့ ကျောင်းပရိဝုဏ်မာတော့ စီးပွားရီးမဟာဌာနနန့် သတင်းနည်းပညာစီမံခန့်ခွဲမှုဌာနရို့သာ ဖွင့်လှစ်ထားပါရေ။ ဆိုးလ်မြို့ ကျောင်းပရိဝုဏ်မာတော့ခါ KAIST (ကိုက်စ်) ကျောင်းသားများ၏ တီထွင်ဖန်တီးမှုတိကို လိ့လာနိုင်ဖို့နန့် နိုင်ငံတကာနန့်ချိတ်ဆက်ရရေ လုပ်ငန်းတိကို အဓိကလုပ်ဆောင်လေ့ဟိပါရေ။
KAIST (ကိုက်စ်) ဟာ အာသျှဒေသမားမာ ထင်ရှားရေ စက်မှုတက္ကသိုလ်အဖြစ်ရပ်တည်နီပြီး တောင်ကိုရီးယား အစိုးရ၏ အထောက်အပံ့ကို အဓိကရယူထားရေ စက်မှုတက္ကသိုလ်ဖြစ်ကာ တောင်ကိုရီးယားနိုင်ငံအနိန်နန့် ကမ္ဘာမာ စက်မှုထိပ်တန်းနိုင်ငံတခုဖြစ်လှာစီဖို့ အခရာရေ အခန်းကဏ္ဍမှ ပါဝင်ခရေ တက္ကသိုလ်လေ့ဖြစ်ပါရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ The Advance of a Korean Institute: A Brief History of KAIST The KAIST Herald (ဧပြီ ၂၁၊ ၂၀၁၁)