မာတိကာသို့ ခုန်သွားရန်

ရော်တာဒမ်မြို့

ဝီကီပီးဒီးယား မှ
ရော်တာဒမ်
Rotterdam  (ဒတ်ချ်)
City and municipality
နေဝင်ရီတရောအချိန်၌တွေ့ရသော ရော်တာဒမ်မြို့
နေဝင်ရီတရောအချိန်၌တွေ့ရသော ရော်တာဒမ်မြို့
Historic town centre of Delfshaven
Delfshaven၏ သမိုင်းဝင်မြို့အလယ်
ရော်တာဒမ်၏ အလံတော်
အလံတော်
ရော်တာဒမ်၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
ရော်တာဒမ်၏ တရားဝင်လိုဂို
လိုဂို
နာမည်ပြောင်(များ): Rotown, Roffa, Rotjeknor, Nultien, 010
ဆောင်ပုဒ်: Sterker door strijd (Stronger through effort)
Highlighted position of Rotterdam in a municipal map of South Holland
Location in South Holland
ရော်တာဒမ် သည် ဥရောပ တွင် တည်ရှိသည်
ရော်တာဒမ်
ရော်တာဒမ်
Location in South Holland
ကိုဩဒိနိတ်: 51°55′N 4°29′E / 51.92°N 4.48°E / 51.92; 4.48ကိုဩဒိနိတ်: 51°55′N 4°29′E / 51.92°N 4.48°E / 51.92; 4.48
နိုင်ငံ နယ်သာလန်
ပြည်နယ်South Holland တောင်ပိုင်းဟော်လန်ပြည်နယ်
ခရိုင်များ
အစိုးရ[၁]
 • အစိုးရအဖွဲ့စည်ပင်သာယာရေးကောင်စီ
 • မြို့တော်ဝန်Ahmed Aboutaleb (PvdA)
 • အဖွဲ့ဝင်များ
ဧရိယာ[၂][၃]
 • စည်ပင်နယ်နိမိတ်၃၂၄.၁၄ စတုရန်းကီလိုမီတာ (၁၂၅.၁၅ စတုရန်းမိုင်)
 • ကုန်းမြေ၂၁၇.၅၅ စတုရန်းကီလိုမီတာ (၈၄�၀၀ စတုရန်းမိုင်)
 • ရေထု၁၀၆.၅၉ စတုရန်းကီလိုမီတာ (၄၁.၁၅ စတုရန်းမိုင်)
 • Randstad၃၀၄၃ စတုရန်းကီလိုမီတာ (၁၁၇၅ စတုရန်းမိုင်)
လူဦးရေ (1 January 2023)[၃][၄][၅]
 • စည်ပင်နယ်နိမိတ်၆၆၄,၃၁၁
 • သိပ်သည်းမှု၂,၉၉၅/km၂ (၇၇၆၀/sq mi)
 • မြို့ပေါ်၁,၂၇၃,၃၈၅
 • မြို့ပြကြီး၂,၃၉၀,၁၀၁ [မှတ်စု ၁]
 • Randstad၈,၃၆၆,၀၇၈
Demonym(s)Rotterdammer
အချိန်ဇုန်CET (UTC+1)
 • နွေရာသီ (DST)CEST (UTC+2)
စာပို့သင်္ကေတ3000–3099
တယ်လီဖုန်းဧရိယာကုတ်နံပါတ်010
ဝဘ်ဆိုက်rotterdam.nl (in ဒတ်ချ်)
မျက်နှာပြင်အပြည့်ကြည့်ရှုရန် မြေပုံပေါ်တွင် ကလစ်နှိပ်ပါ။

ရော်တာဒမ်မြို့(အင်္ဂလိပ်: Rotterdam, /ˈrɒtərdæm/ rot-ƏR-dam,[၇][၈] ဒက်ချ်: [ˌrɔtərˈdɑm] ( ); အနက်. "ရော့မြစ်ထက်မှ ဆည်")သည် နယ်သာလန်နိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဥရောပတွင် အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သည်။ ရော်တီ မြစ်ထက်မှ ဆည်တစ်ခုအဖြစ် စတင်ခဲ့သော ရော်တာဒမ်မြို့သည် ယခုအခါတွင် ဥရောပ၏ စီးပွားရေး အချက်အချာ ဌာန တစ်ခုအဖြစ် တည်ရှိသည်။ မြောက်ပင်လယ် မြစ်ဝကျွန်းပေါ်ဒေသ မဟာဗျူဟာ ကျသော ဒေသတွင် တည်ရှိသည့်အပြင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊ ကုန်တွင်းရေကြောင်းလမ်းများ အများအပြား ဆုံရာ ဒေသတွင် ရှိသဖြင့် ရော်တာဒမ်မြို့ကို ဥရောပ၏ တံခါးပေါက်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ရော်တာဒမ်ဟူသော အမည်မှာ ရော့မြစ်၏ ရေကာတာဟု အဓိပ္ပာယ်ရသည်။ ရော်တာဒမ်မြို့သည် မားစမြစ်ကမ်းနှစ်ဘက်ပေါ်တွင် တည်ရှိ၍ အမ်စတာဒမ်မြို့မှ အနောက်တောင်ဘက် ၄၄ မိုင်ခန့် ကွာဝေး သည်။ နယ်သာလန်နိုင်ငံတွင် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်၏။ ပင်လယ်မှ ၁၅ မိုင်ခန့် ကွာဝေးသော်လည်း မြစ်ရေ နက်၍ ဒီရေမြင့်သဖြင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်သည်။ ရော်တာဒမ်မြို့သည် မြောက်ပင်လယ်နှင့် ၁၇ မိုင်ခန့် ရှည်သော တူးမြောင်းဖြင့် ဆက်လျက်ရှိသည်။ ရော်တာဒမ်မြို့တွင် သင်္ဘောတည်ဆောက်သည့်လုပ်ငန်းမှာ အရေးအကြီးဆုံး စက်မှုလုပ်ငန်းဖြစ်သည်။ ဆေးလိပ်၊ သုတ်ဆေး၊ အရက်၊ သကြားနှင့် ဓာတုဗေဒပစ္စည်း ထုတ်လုပ်သော စက်ရုံ များလည်း ရှိသည်။

မြို့တွင်း၌ ဒပ်ချ်အမျိုးသားပန်းချီကျော်တို့၏ လက်ရာ များကို ပြသထားသည့် ပြတိုက်မှာ ထင်ရှားသည်။ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒဥယာဉ်များလည်း ရှိသည်။ ၁၄ ရာစုနှစ် အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သော ဂေါ့သပုံစံ စိန်လောရင့် ဘုရားရှိခိုးကျောင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ ဗုံးကြဲတိုက်ခိုက်သည့် ဒဏ်ကို ခံခဲ့ရသည်။

၁၉၄ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဂျာမန်လေတပ် သည် ရော်တာဒမ်မြို့လယ်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲဖျက်ဆီးခဲ့ကြ၏။ ထိုနေ့ညနေတွင် နယ်သာလန်တပ်များသည် ဂျာမန်တို့ ထံ လက်နက်ချ အညံ့ခံကြသည်။ ၁၉၄၅ ခုနှစ်တွင် ရော်တာဒမ် မြို့သည် ဂျာမန်တို့လက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ လူဦးရေ ၇၃၁၅၆၄ ယောက်(၁၉၆၅)ရှိသည်။[၉]

ကိုးကား

[ပြင်ဆင်ရန်]

အောက်ခြေမှတ်စု

[ပြင်ဆင်ရန်]
  1. ↑ This number includes The Hague and its suburbs. Since 2014, Rotterdam, The Hague and 22 other municipalities agreed to optimize their performance as a single, large metropolitan region.[၆]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. ↑ College van b en w (in nl)။ Gemeente Rotterdam။ 1 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2014 တွင် ပြန်စစ်ပြီး။
  2. ↑ Kerncijfers wijken en buurten 2020 (in nl)။ StatLine။ CBS (24 July 2020)။ 19 September 2020 တွင် ပြန်စစ်ပြီး။
  3. 1 2 Anita Bouman–Eijs; Thijmen van Bree; Wouter Jonkhoff; Olaf Koops; Walter Manshanden; Elmer Rietveld (17 December 2012)။ De Top 20 van Europese grootstedelijke regio's 1995–2011; Randstad Holland in internationaal perspectief [Top 20 of European metropolitan regions 1995–2011; Randstad Holland compared internationally] (PDF) (Technical report) (ဒတ်ခ်ျဘာသာစကားဖြင့်)။ Delft: TNO။ 3 March 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 25 July 2013 တွင် ပြန်စစ်ပြီး။
  4. ↑ တမ်းပလိတ်:Dutch municipality population
  5. ↑ တမ်းပလိတ်:Dutch municipality population urbanmetro
  6. ↑ "Over de Metropoolregio Rotterdam Den Haag"၊ MRDH.nl၊ 2014။ "De Metropoolregio Rotterdam Den Haag is het gebied dat nu de huidige stadregio’s Rotterdam en Haaglanden omvat. Binnen dat gebied gaan de 24 gemeenten hun krachten bundelen in het samenwerkingsverband Metropoolregio Rotterdam Den Haag om de internationale concurrentiepositie van de regio te versterken. De Metropoolregio regio heeft 2,2 miljoen inwoners."
  7. ↑ Wells၊ John C. (2008)၊ Longman Pronunciation Dictionary (3rd ed.)၊ Longman၊ ISBN 9781405881180
  8. ↑ Roach၊ Peter (2011)၊ Cambridge English Pronouncing Dictionary (18th ed.)၊ Cambridge: Cambridge University Press၊ ISBN 9780521152532
  9. ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၉)။ "ရော်တာဒမ်မြို့"။ မြန်မာ့စွယ်စုံကျမ်း။ ၁၁ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။