ကြာသပတေးဂြိုဟ်
ဟာဘယ် အာကာသ တယ်လီစကုပ်မှ ရိုက်ကူးထားသော ဂျူပီတာဂြိုဟ် ၂၁ ဧပရယ် ၂၀၁၄။ | |||||||||||||||
| အသံထွက် | /ˈdʒuːpɪtər/ ( | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ပါဝင်အရာဝတ္ထုများ | Jovian | ||||||||||||||
| ပတ်လမ်း ဂုဏ်အင်များ[၂] | |||||||||||||||
| Epoch J2000 | |||||||||||||||
| အဝေးဆုံးပတ်လမ်း | 5.45492 AU (816.04 Gm) | ||||||||||||||
| အနီးဆုံးပတ်လမ်း | 4.95029 AU (740.55 Gm) | ||||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | 5.20260 AU (778.299 Gm) | ||||||||||||||
| ပတ်လမ်း ဗဟိုကျမှု | 0.048498 | ||||||||||||||
ပတ်လမ်း ကာလ |
| ||||||||||||||
ပတ်လမ်း ကာလ | 398.88 d[၄] | ||||||||||||||
ပျမ်းမျှ ပတ်နှုန်း | 13.07 km/s[၄] | ||||||||||||||
ပျမ်းမျှ မူမမှန်မှု | 20.020° | ||||||||||||||
| ပတ်လမ်း တိမ်းစောင်းမှု |
| ||||||||||||||
Longitude of ascending node | 100.464° | ||||||||||||||
Argument of perihelion | 273.867° | ||||||||||||||
| သိရသည့် ဂြိုဟ်ရံလများ | ၈၀ (as of 2021[update]) | ||||||||||||||
| ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||||
ပျမ်းမျှ အချင်းဝက် | 69,911±6 km | ||||||||||||||
အီကွေတာ အချင်းဝက် |
| ||||||||||||||
ဝင်ရိုးစွန်း အချင်းဝက် |
| ||||||||||||||
| ပြားချပ်မှု | 0.06487±0.00015 | ||||||||||||||
မျက်နှာပြင် ဧရိယာ |
| ||||||||||||||
| ထုထည် |
| ||||||||||||||
| ဒြပ်ထု | |||||||||||||||
ပျမ်းမျှ သိပ်သည်းဆ | 1.326 g/cm3[၄] | ||||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | 24.79 m/s2[၄] 2.528 g | ||||||||||||||
လွတ်မြောက်အလျင် | 59.5 km/s[၄] | ||||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | 9.925 h[၈] (9 h 55 m 30 s) | ||||||||||||||
အီကွေတာ လည်ပတ်မှု အလျင် | 12.6 km/s 45300 km/h | ||||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | 3.13° (to orbit)[၄] | ||||||||||||||
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု | 268.057° 17° 52′ 14″ | ||||||||||||||
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု | 64.496°[၉] | ||||||||||||||
| Albedo | 0.343 (Bond) 0.52 (geom.)[၄] | ||||||||||||||
| |||||||||||||||
မြင်သာသော ပမာဏ | −1.6 to −2.94[၄] | ||||||||||||||
ထောင့်ဖြတ်အချင်း | 29.8″ to 50.1″[၄] | ||||||||||||||
| လေထု[၄] | |||||||||||||||
မျက်နှာပြင် လေထုဖိအား | 20–200 kPa[၁၀] (cloud layer) | ||||||||||||||
အမြင့် | 27 km | ||||||||||||||
| လေထု၌ ဓာတုပါဝင်နှုန်း | ထုထည်အားဖြင့်:
ရေခဲများ:
| ||||||||||||||
ကြာသပတေးဂြိုဟ် သို့မဟုတ် ဂျူပီတာဂြိုဟ် (အင်္ဂလိပ်: Jupiter) သည် နေမှ ပဉ္စမမြောက် တည်ရှိသော ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်း အကြီးဆုံး ဂြိုဟ်ဖြစ်သည်။ ယင်းသည် နေအဖွဲ့အစည်းအတွင်းရှိ အခြားသော ဂြိုဟ်အားလုံး ပေါင်းစပ်ထားသည့် ထုထည် ပမာဏထက် အဆ ၂.၅ ခန့် ပိုမိုကြီးမားပြီး နေ၏ ထုထည် ပမာဏထက် အနည်းငယ်သာ နည်းပါးသော ထုထည်ရှိသည့် ဓာတ်ငွေ့ဧရာမ ဂြိုဟ်တစ်စင်း ဖြစ်သည်။ ဂျူပီတာဂြိုဟ်၏ အချင်းသည် ကမ္ဘာ့အချင်းထက် ၁၁ ဆ ရှိပြီး နေ၏ အချင်း၏ ဆယ်ပုံတစ်ပုံ ရှိသည်။ ယင်းသည် နေကို နက္ခတ္တဗေဒ ယူနစ် ၅.၂၀ (၇၇၈.၅ ဂစ်ဂါမီတာ) ကွာဝေးသော အကွာအဝေးမှ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေပြီး ပတ်လမ်းကာလမှာ ၁၁.၈၆ နှစ် ဖြစ်သည်။ ဂျူပီတာဂြိုဟ်သည် ကမ္ဘာ့ညဘက် မိုးကောင်းကင်တွင် လကမ္ဘာနှင့် သောကြာဂြိုဟ်ပြီးလျှင် တတိယမြောက် အလင်းလက်ဆုံး သဘာဝ အရာဝတ္ထု ဖြစ်ပြီး ရှေးယခင် သမိုင်းမတင်မီ ကာလများကတည်းက စောင့်ကြည့် လေ့လာခဲ့ကြသည်။ ၎င်းအား ရှေးဟောင်း ရောမ ဘာသာရေး၏ အဓိက နတ်ဘုရားဖြစ်သော ဂျူပီတာ (Jupiter) ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ဂျူပီတာဂြိုဟ်သည် နေ၏ ဂြိုဟ်များအနက် ပထမဆုံး ဖြစ်ပေါ်လာခဲ့သော ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်း၏ မူလ အစပျိုး ကာလအတွင်း ၎င်း၏ အတွင်းဘက်သို့ ရွေ့လျားလာမှုသည် အခြားသော ဂြိုဟ်များ၏ ဖြစ်တည်မှု သမိုင်းကြောင်း အများအပြားအပေါ် သက်ရောက်မှု ရှိခဲ့သည်။ ဂျူပီတာ၏ လေထုတွင် ထုထည်အလိုက် ဟိုက်ဒရိုဂျင် ၇၆ ရာခိုင်နှုန်းနှင့် ဟီလီယံ ၂၄ ရာခိုင်နှုန်းတို့ ပါဝင်ပြီး အတွင်းပိုင်းမှာ ပိုမို သိပ်သည်းသည်။ ယင်းတွင် ကာဗွန်၊ အောက်ဆီဂျင်၊ ဆာလဖာ၊ နီယွန် စသည့် ဒြပ်စင်များနှင့် အမိုးနီးယား၊ ရေငွေ့၊ ဖော့စ်ဖင်း၊ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဟိုက်ဒရိုကာဘွန် ကဲ့သို့သော ဒြပ်ပေါင်းများ အနည်းငယ် ပါဝင်သည်။ ဂျူပီတာဂြိုဟ်၏ ဟီလီယံ ကြွယ်ဝမှုမှာ နေ၏ ၈၀ ရာခိုင်နှုန်း ရှိပြီး စနေဂြိုဟ်၏ ဖွဲ့စည်းပုံနှင့် ဆင်တူသည်။
အပြင်ဘက် လေထုကို လတ္တီတွဒ် အနေအထားအလိုက် အပိုင်းလိုက် အလွှာများ ခွဲခြားထားပြီး ၎င်းတို့၏ ထိစပ်နေသော နယ်စပ်များတစ်လျှောက်တွင် လေထု မငြိမ်သက်မှုများနှင့် မုန်တိုင်းများ ဖြစ်ပေါ်လျက်ရှိရာ ယင်း၏ အထင်ရှားဆုံး ရလဒ်မှာ ၁၈၃၁ ခုနှစ်ကတည်းက မှတ်တမ်းတင်ထားခဲ့သည့် ဧရာမမုန်တိုင်းကြီးဖြစ်သော အနီရောင်အစက်အပြောက်ကြီး (Great Red Spot) ပင် ဖြစ်သည်။
ဂျူပီတာဂြိုဟ်၏ လည်ပတ်နှုန်း အလွန်မြန်ဆန်ခြင်း (တစ်ပတ်လျှင် ၁၀ နာရီ ကြာမြင့်ခြင်း) ကြောင့် ဂြိုဟ်၏ ပုံသဏ္ဌာန်မှာ ဘဲဥပုံစံပြား (oblate spheroid) ဖြစ်နေပြီး အီကွေတာရှိ အချင်းဝက်မှာ ဝင်ရိုးစွန်းရှိ အချင်းဝက်ထက် ၇ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားသည်။ ၎င်း၏ အတွင်းပိုင်း တည်ဆောက်ပုံမှာ အရည်ပျော်နေသော သတ္တုဟိုက်ဒရိုဂျင်ဖြင့် ဖွဲ့စည်းထားသည့် အပြင်ဘက် မန်တယ်အလွှာနှင့် သိပ်သည်းဆ ပိုမိုမြင့်မားသော ဒြပ်ဝတ္ထုများဖြင့် ဖွဲ့စည်းထားသည့် ပြန့်ကျဲနေသော အတွင်းဘက် ဗဟိုဝတ်ဆံ တို့ဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆရသည်။ ဂျူပီတာဂြိုဟ်၏ အတွင်းပိုင်း ဆက်လက် ကျုံ့ဝင်နေမှုသည် ဂြိုဟ်က နေထံမှ လက်ခံရရှိသည့် အပူချိန်ထက် ပိုမိုများပြားသော အပူကို ထုတ်လွှတ်ပေးနေသည်။ ဂျူပီတာ၏ သံလိုက်စက်ကွင်းသည် နေအဖွဲ့အစည်းအတွင်း အပြင်းထန်ဆုံးနှင့် ဒုတိယအကြီးဆုံး ဆက်စပ်တည်ရှိနေသော အဆောက်အအုံ ဖြစ်ပြီး အရည်ပျော်နေသော သတ္တုဟိုက်ဒရိုဂျင် ဗဟိုဝတ်ဆံ အတွင်းရှိ လှည့်ပတ်စီးဆင်းနေသော လျှပ်စီးကြောင်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နေမှလာသော လေပြင်းများ (Solar wind) သည် သံလိုက်စက်ကွင်းလွှာနှင့် အပြန်အလှန် သက်ရောက်မှု ရှိပြီး ၎င်းကို အပြင်ဘက်သို့ ပိုမို ကျယ်ပြန့်သွားစေကာ ဂျူပီတာဂြိုဟ်၏ ပတ်လမ်းကြောင်းအပေါ် သက်ရောက်မှု ရှိစေသည်။
ဂြိုဟ်ကို ပတ်လည်ပတ်နေသော ဂြိုဟ်ရံလ အနည်းဆုံး ၁၁၅ စင်း တည်ရှိပြီး အကြီးဆုံး ဂြိုဟ်ရံလလေးစင်း ဖြစ်ကြသော အိုင်အို၊ ယူရိုပါ၊ ဂဲနီမီးဒ် (Ganymede) နှင့် ကယ်လစ်စတိုတို့သည် သံလိုက်စက်ကွင်းလွှာအတွင်းမှ လှည့်ပတ်နေကြကာ သာမန် တယ်လီစကုတ်များဖြင့် မြင်တွေ့နိုင်သည်။ ၎င်းလေးစင်းအနက် အကြီးဆုံးဖြစ်သော ဂဲနီမီးဒ်သည် ဗုဒ္ဓဟူးဂြိုဟ်ထက်ပင် ပိုမိုကြီးမားသည်။ ဂျူပီတာဂြိုဟ်ကို မှိန်ဖျော့သော ဂြိုဟ်ပတ်ကွင်းစနစ် စနစ်တစ်ခုက ပတ်ရံထားသည်။ ဂျူပီတာ၏ ကွင်းစနစ်များသည် အဓိကအားဖြင့် ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားပြီး အဓိက အပိုင်းသုံးပိုင်း ပါဝင်သည် - ဟယ်လို (halo) ဟု လူသိများသော အတွင်းဘက် ဖုန်မှုန့်ကွင်း၊ နှိုင်းယှဉ်ချက်အရ လင်းလက်သည့် ပင်မကွင်းစနစ်နှင့် အပြင်ဘက် ပျော့ပျောင်းသော ကွင်းစနစ်တို့ ဖြစ်ကြသည်။ ယင်းကွင်းစနစ်များသည် မြင်နိုင်သော အလင်းတန်းနှင့် အနီအောက်ရောင်ခြည် လွန်ကဲသော အလင်းတို့တွင် အနီရောင် သန်းနေသည်။ ကွင်းစနစ်၏ သက်တမ်းကို အတိအကျ မသိရသေးသော်လည်း ဂျူပီဂြိုဟ်တာ ဖြစ်ပေါ်ခဲ့သည့် ကာလကတည်းက တည်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ၁၉၇၃ ခုနှစ်မှစ၍ ဂျူပီတာဂြိုဟ်ထံသို့ စက်ရုပ် အာကာသစူးစမ်းလေ့လာရေးယာဉ် ၉ စင်း (အနီးကပ် ဖြတ်ပျံသန်းမှု ၇ စင်းနှင့် သီးသန့် ဂြိုဟ်ပတ်ယာဉ် ၂ စင်း) ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဂျူပီတာဂြိုဟ်ကဲ့သို့သော နေအဖွဲ့အစည်းပြင်ပဂြိုဟ်များကိုလည်း အခြားသော ဂြိုဟ်စနစ်များတွင် ထောက်လှမ်းတွေ့ရှိခဲ့ရသည်။
ဖွဲ့တည်ခြင်းနှင့် ကူးပြောင်းခြင်း
ဂျူပီတာဂြိုဟ်သည် နေဖြစ်ပေါ် ပြီးနောက် နှစ်တစ်သန်းအကြာနှင့် ကမ္ဘာမြေ မပေါ်မီ ခန့်မှန်းခြေ နှစ်ပေါင်း သန်း ၅၀ အစောပိုင်းကပင် စတင်ဖြစ်ပေါ်ခဲ့သဖြင့် နေအဖွဲ့အစည်းအတွင်း သက်တမ်းအရင့်ဆုံး ဂြိုဟ်ဖြစ်မည်ဟု ယူဆရသည်။ လက်ရှိ နေအဖွဲ့အစည်း ဖြစ်တည်မှု စံနမူနာများအရ ဂျူပီတာသည် ရေကဲ့သို့သော အငွေ့ပျံလွယ်သော ဒြပ်စင်များ အစိုင်အခဲအဖြစ်သို့ အအေးခံသိပ်သည်းနိုင်သည့် အစောပိုင်းနေ၏ အပူချိန်လွန်ကဲသော နှင်းစက်ကွင်း (snow line) တွင် သို့မဟုတ် ထိုထက်ကျော်လွန်၍ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ပထမဦးစွာ ခိုင်မာသော ဗဟိုဝတ်ဆံတစ်ခုကို တည်ဆောက်ခဲ့ပြီးနောက် ဂြိုဟ်သည် ၎င်း၏ ဓာတ်ငွေ့လေထုကို စုစည်းခဲ့သည်။[၁၁] ထို့နောက် ကြီးထွားလာနေသော ဂြိုဟ်သည် နှစ်ပေါင်း ၃ သန်းမှ ၄ သန်းအတွင်း ၎င်း၏ နောက်ဆုံး ထုထည်သို့ ရောက်ရှိခဲ့သည်။[၁၂]
ရူပ သွင်ပြင်လက္ခဏာများ
ဂျူပီတာဂြိုဟ်သည် ဓာတ်ငွေ့ ဧရာမဂြိုဟ်တစ်စင်း ဖြစ်ပြီး ယင်း၏ ဓာတုဗေဒ ဖွဲ့စည်းပုံမှာ အဓိကအားဖြင့် ဟိုက်ဒရိုဂျင်နှင့် ဟီလီယံတို့ ဖြစ်ကြသည်။ ဤဒြပ်ဝတ္ထုများကို ဂြိုဟ်ဗေဒပညာတွင် ဓာတ်ငွေ့များအဖြစ် အမျိုးအစားခွဲခြားထားသော်လည်း ဤအသုံးအနှုန်းသည် ဒြပ်သား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တိုက်ရိုက်ညွှန်းဆိုခြင်း မဟုတ်ပေ။ ယင်းသည် နေအဖွဲ့အစည်းအတွင်း အကြီးဆုံး ဂြိုဟ်ဖြစ်ပြီး အီကွေတာတွင် အချင်း ကီလိုမီတာ ၁၄၂,၉၇၆ (မိုင် ၈၈,၈၄၁) ရှိကာ ကမ္ဘာ့ထုထည်၏ ၁,၃၂၁ ဆ ရှိသော ထုထည် ပမာဏကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ ပျမ်းမျှ သိပ်သည်းဆမှာ ၁.၃၂၆ ဂရမ်/ကုဗစင်တီမီတာ ရှိပြီး မြေကမ္ဘာဆင်တူ ဂြိုဟ်လေးစင်း၏ သိပ်သည်းဆများထက် နည်းပါးသည်။[၄][၁၃]
ပါဝင်ဖွဲ့စည်းပုံ
ဂျူပီတာဂြိုဟ်၏ လေထုတွင် ထုထည်အလိုက် ဟိုက်ဒရိုဂျင် ၇၆ ရာခိုင်နှုန်းခန့်နှင့် ဟီလီယံ ၂၄ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ထုထည်ပမာဏ (volume) အနေဖြင့် အထက်ပိုင်း လေထုတွင် ဟိုက်ဒရိုဂျင် ၉၀ ရာခိုင်နှုန်းနှင့် ဟီလီယံ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ဟီလီယံ အချိုးအစား နည်းပါးရခြင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဒြပ်စင်တွဲ ဟိုက်ဒရိုဂျင် မော်လီကျူး (H2) ထက် ဟီလီယံ အက်တမ်က ထုထည်ပိုမိုကြီးမားခြင်းကြောင့် ဖြစ်သည်။[၁၄] လေထုအတွင်း ကာဗွန်၊ အောက်ဆီဂျင်၊ ဆာလဖာနှင့် နီယွန် ဒြပ်စင်များ အနည်းငယ်စီ ပါဝင်သကဲ့သို့[၁၅] အမိုးနီးယား၊ ရေငွေ့၊ ဖော့စ်ဖင်း၊ ဟိုက်ဒရိုဂျင် ဆာလဖိုက် နှင့် မီသိန်း၊ အီသိန်း၊ ဘင်ဇင်း ကဲ့သို့သော ဟိုက်ဒရိုကာဘွန်များလည်း ပါဝင်သည်။[၁၆] ၎င်း၏ အပြင်ဘက်ဆုံး အလွှာတွင် ခဲနေသော အမိုးနီးယား ပုံဆောင်ခဲများ ပါရှိသည်။[၁၇] ဂြိုဟ်၏ အတွင်းပိုင်းသည် ပိုမို သိပ်သည်းပြီး ထုထည်အလိုက် ဟိုက်ဒရိုဂျင် ၇၁ ရာခိုင်နှုန်း၊ ဟီလီယံ ၂၄ ရာခိုင်နှုန်းနှင့် အခြား ဒြပ်စင် ၅ ရာခိုင်နှုန်းခန့်တို့ဖြင့် ဖွဲ့စည်းထားသည်။[၁၈][၁၉]
လေထုအတွင်းရှိ ဟိုက်ဒရိုဂျင်နှင့် ဟီလီယံ အချိုးအစားများသည် ဂြိုဟ်များဖြစ်တည်ခြင်း သီအိုရီ ဖွဲ့စည်းပုံနှင့် နီးစပ်သည်။[၂၀] အထက်ပိုင်း လေထုအတွင်းရှိ နီယွန် ပမာဏမှာ ထုထည်တစ်သန်းလျှင် အစိတ်အပိုင်း ၂၀ ရှိပြီး၊ ၎င်းမှာ နေတွင်ရှိသော ပမာဏ၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။[၂၁] ဂျူပီတာ၏ ဟီလီယံ ကြွယ်ဝမှုမှာ နေ၏ ၈၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ ဤသို့ဖြစ်ရခြင်းမှာ အဆိုပါ ဒြပ်စင်များသည် ဟီလီယံကြွယ်ဝသော ရေစက်များအဖြစ် အနည်ကျခြင်းကြောင့် ဖြစ်သည်။ ဤဖြစ်စဉ်သည် ဂြိုဟ်၏ အတွင်းပိုင်း နက်ရှိုင်းသောနေရာအထိ ဖြစ်ပေါ်သည်။[၂၂][၂၃]
ရောင်စဉ်ဖတ်တိုင်းတာခြင်း (spectroscopy) ကို အခြေခံ၍ စနေဂြိုဟ်၏ ဖွဲ့စည်းပုံသည် ဂျူပီတာနှင့် ဆင်တူသည်ဟု ယူဆရသော်လည်း အခြားဧရာမဂြိုဟ်များဖြစ်သော ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တွင် ဟိုက်ဒရိုဂျင်နှင့် ဟီလီယံ ပါဝင်မှု နှိုင်းယှဉ်ချက်အရ နည်းပါးပြီး အောက်ဆီဂျင်၊ ကာဗွန်၊ နိုက်ထရိုဂျင်နှင့် ဆာလဖာ အစရှိသော အဖြစ်များဆုံး အခြားဒြပ်စင်များ ပိုမိုပါဝင်ကြသည်။[၂၄] ဤဂြိုဟ်များကို ရေခဲဧရာမဂြိုဟ်များ (ice giants) ဟု ခေါ်ဆိုကြသည်မှာ ၎င်းတို့ ဖြစ်ပေါ်လာစဉ်က အဆိုပါ ဒြပ်စင်များသည် ရေခဲအဖြစ် ပေါင်းစပ်ပါဝင်ခဲ့သည်ဟု ယူဆကြသောကြောင့် ဖြစ်သည်၊ သို့သော် ၎င်းတို့တွင် ရေခဲပမာဏ အလွန်အမင်း နည်းပါးစွာသာ ပါဝင်ဖွယ်ရှိသည်။[၂၅]
အရွယ်အစားနှင့် ဒြပ်ထု

ဂျူပီတာဂြိုဟ်သည် ကမ္ဘာထက် အဆပေါင်း ၁၁ ဆခန့် (11.208 R⊕) ကျယ်ဝန်းပြီး ၎င်း၏ ထုထည်မှာ ကမ္ဘာ့ထုထည်၏ ၃၁၈ ဆ ရှိကာ[၄] ယင်းမှာ နေအဖွဲ့အစည်းအတွင်းရှိ အခြားသော ဂြိုဟ်အားလုံး ပေါင်းစပ်ထားသည့် ထုထည်၏ ၂.၅ ဆ ရှိသည်။ ၎င်းသည် အလွန်ပင် ကြီးမားထည်ဝါလှသဖြင့် နေနှင့် ဂျူပီတာတို့၏ ဒြပ်ထု လှည့်ပတ်ဗဟိုချက် (barycentre) သည် နေ၏ ဗဟိုချက်မှ နေ၏ အချင်းဝက် ၁.၀၆၈ ဆအကွာ၊ နေ၏ မျက်နှာပြင်အထက်တွင် တည်ရှိသည်။[၂၆][၂၇] ဂျူပီတာ၏ အချင်းဝက်မှာ နေအချင်းဝက်၏ ဆယ်ပုံတစ်ပုံခန့် (0.10275 R☉) ရှိပြီး၊[၂၈] ၎င်း၏ ထုထည်မှာ နေထုထည်၏ တစ်ထောင်ပုံတစ်ပုံ ရှိကာ ဆိုလိုသည်မှာ အရာဝတ္ထုနှစ်ခုစလုံး၏ သိပ်သည်းဆမှာ အတူတူနီးပါး ဖြစ်သည်။[၂၉] အခြားသော အရာဝတ္ထုများ အထူးသဖြင့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်များ (extrasolar planets) နှင့် ကြယ်ပုညိုများ (brown dwarfs) ၏ ထုထည်များကို ဖော်ပြရန်အတွက် ဂျူပီတာ ဒြပ်ထု (MJ သို့မဟုတ် MJup) ကို ယူနစ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဥပမာအားဖြင့် နေအဖွဲ့အစည်းပြင်ပဂြိုဟ် HD 209458 b ၏ ထုထည်မှာ0.69 MJ ရှိပြီး ကြယ်ပုညို Gliese 229 b ၏ ထုထည်မှာ 60.4 MJ ရှိသည်။[၃၀][၃၁] ထို့အတူ ဂျူပီတာ၏ အီကွေတာ အချင်းဝက်ကို ယေဘုယျအားဖြင့် ကိုယ်စားပြုသည့် ဂျူပီတာ အချင်းဝက်ကိုလည်း ဤအရာဝတ္ထုများ၏ အရွယ်အစားများကို ဖော်ပြရာတွင် အသုံးပြုကြသည်။[၃၂]
ဂျူပီတာသည် ၎င်း၏ အတွင်းပိုင်း ဆက်လက်ကျုံ့ဝင်နေမှုအတွင်းရှိ ကယ်လ်ဗင်-ဟယ်လ်ဟို့စ် ဖြစ်စဉ် (Kelvin–Helmholtz mechanism) ကြောင့် နေရောင်ခြည်မှ လက်ခံရရှိသည့် အပူထက် ပိုမိုများပြားသောအပူကို ထုတ်လွှတ်ပေးနေသည်။[၃၃]:30[၃၄] ဤဖြစ်စဉ်ကြောင့် ဂျူပီတာသည် တစ်နှစ်လျှင် ၁ မီလီမီတာ (၀.၀၃၉ လက်မ) ခန့် ကျုံ့ဝင်သွားစေသည်။[၃၅][၃၆] ဖြစ်တည်စ ကာလက ဂျူပီတာသည် ပိုမိုပူပြင်းခဲ့ပြီး ယခုလက်ရှိ အချင်း၏ နှစ်ဆခန့် ကြီးမားခဲ့သည်။[၃၇][၃၈]
သီအိုရီဆိုင်ရာ စံနမူနာများအရ ဂျူပီတာတွင် ထုထည် ၄၀ ရာခိုင်နှုန်းထက် ပိုမိုများပြားပါက အတွင်းပိုင်းသည် အလွန်အမင်း ဖိသိပ်ခံရမည်ဖြစ်ရာ ဒြပ်ထု တိုးလာသော်လည်း ၎င်း၏ ထုထည်ပမာဏ (volume) မှာ ကျဆင်းသွားမည် ဖြစ်သည်။ ထုထည် အပြောင်းအလဲ အနည်းငယ်အတွက်မူ အချင်းဝက်မှာ သိသာထင်ရှားစွာ ပြောင်းလဲမည် မဟုတ်ပေ။[၃၉] ရလဒ်အနေဖြင့် ဂျူပီတာသည် ၎င်း၏ ဖွဲ့စည်းပုံနှင့် ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းတို့အရ ဂြိုဟ်တစ်စင်း ပိုင်ဆိုင်နိုင်သည့် အကြီးဆုံး အချင်းနီးပါးကို ရရှိထားသည်ဟု ယူဆရသည်။[၄၀] ထုထည် တိုးလာသည်နှင့်အမျှ ဆက်လက်ကျုံ့ဝင်သည့် ဖြစ်စဉ်သည် သိသာထင်ရှားသော ကြယ်ဖြစ်ပေါ်ခြင်း (stellar ignition) အဆင့်သို့ ရောက်ရှိသည်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။[၄၁] ဟိုက်ဒရိုဂျင် ပေါင်းစပ်ပြီး ကြယ်တစ်စင်း ဖြစ်လာရန်အတွက် ဂျူပီတာသည် ထုထည် အဆ ၇၅ ဆခန့် ပိုမိုကြီးမားရန် လိုအပ်သော်လည်း၊ အသေးဆုံး ကြယ်ပုနီ (red dwarf) တစ်စင်းသည် စနေဂြိုဟ်ထက် အချင်းဝက် အနည်းငယ်သာ ပိုကြီးနိုင်သဖြင့် ၎င်း၏ အချင်းမှာ လုံလောက်မှု ရှိနေသည်။[၄၂]
လေထု
ဂျူပီတာဂြိုဟ်၏ လေထုကို အဓိကအားဖြင့် မော်လီကျူး ဟိုက်ဒရိုဂျင်နှင့် ဟီလီယံတို့ဖြင့် ဖွဲ့စည်းထားပြီး၊ ရေ၊ မီသိန်း၊ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် အမိုးနီးယား ကဲ့သို့သော အခြားသော ဒြပ်ပေါင်း အနည်းငယ်လည်း ပါဝင်သည်။[၄၃] ဂျူပီတာ၏ လေထုသည် မိုးတိမ်အလွှာများ၏ အောက်ဘက် ကီလိုမီတာ ၃,၀၀၀ (မိုင် ၂,၀၀၀) ခန့်အနက်အထိ ကျယ်ပြန့် ဆင်းသက်နေသည်။
တိမ်တိုက်လွှာများ

ဂျူပီတာဂြိုဟ်ကို အမိုးနီးယား ပုံဆောင်ခဲများဖြင့် ဖွဲ့စည်းထားသည့် တိမ်လွှာများက အမြဲတမ်းလိုလို ဖုံးလွှမ်းလျက်ရှိပြီး ယင်းတို့တွင် အမိုးနီးယား ဟိုက်ဒရိုဆာလဖိုက် (ammonium hydrosulfide) လည်း ပါဝင်နိုင်ခြေရှိသည်။[၄၄] ဤတိမ်များသည် လေထု၏ အပူချိန်ရပ်စဲရာ အလွှာ (tropopause) တွင် တည်ရှိကြပြီး လတ္တီတွဒ် အနေအထား အမျိုးမျိုး၌ အပူပိုင်း ဒေသများဟု လူသိများသော တန်းပြားများကို ဖြစ်ပေါ်စေသည်။ ယင်းတို့ကို အရောင်လင်းလက်သော ဇုန်များနှင့် အရောင်ရင့်မှောင်သော ခါးပတ်များ (belts) ဟူ၍ ထပ်မံခွဲခြားထားသည်။ ဆန့်ကျင်ဘက် လည်ပတ်စီးဆင်းမှု ပုံစံများ၏ အပြန်အလှန် သက်ရောက်မှုကြောင့် မုန်တိုင်းများနှင့် လေထု မငြိမ်သက်မှုများ ဖြစ်ပေါ်စေသည်။ ဇုန်အလိုက် လေကြောင်းစီးကြောင်းများ (zonal jet streams) တွင် တစ်စက္ကန့်လျှင် မီတာ ၁၀၀ (တစ်နာရီလျှင် ကီလိုမီတာ ၃၆၀ / မိုင် ၂၂၀) ရှိသော လေတိုက်နှုန်းမှာ သာမန်အားဖြင့် ဖြစ်ပေါ်လေ့ရှိသည်။[၄၅] ဇုန်များသည် တစ်နှစ်ပြီးတစ်နှစ် အကျယ်အဝန်း အရောင်နှင့် အားကောင်းမှုတို့တွင် ပြောင်းလဲမှု ရှိတတ်သည်ကို စောင့်ကြည့် တွေ့ရှိရသော်လည်း သိပ္ပံပညာရှင်များ အမည်ပေးနိုင်လောက်သည်အထိ လုံလောက်သော တည်ငြိမ်မှု ရှိနေဆဲဖြစ်သည်။
တိမ်လွှာသည် အနက်အားဖြင့် ကီလိုမီတာ ၅၀ (မိုင် ၃၁) ခန့်ရှိပြီး အမိုးနီးယား တိမ်ထပ် အနည်းဆုံး နှစ်ထပ်ဖြင့် ဖွဲ့စည်းထားသည် - ထိပ်ပိုင်းတွင် ပါးလွှာပြီး ပိုမိုကြည်လင်သော ဒေသတစ်ခုနှင့် အောက်ဘက်တွင် ပိုမိုထူထဲသော တိမ်ထပ်တို့ ပါဝင်သည်။ ဂျူပီတာ၏ လေထုအတွင်း ထောက်လှမ်းတွေ့ရှိခဲ့ရသော လျှပ်စီးလက်မှု အလင်းလက်များက ညွှန်ပြနေသည့်အတိုင်း အမိုးနီးယား တိမ်များ၏ အောက်ဘက်တွင် ပါးလွှာသော ရေတိမ်လွှာတစ်ခု တည်ရှိနိုင်ဖွယ်ရှိသည်။[၄၆] ဤလျှပ်စစ်ဓာတ် ထုတ်လွှတ်မှုများသည် ကမ္ဘာပေါ်ရှိ လျှပ်စီးလက်မှုထက် အဆပေါင်း တစ်ထောင်အထိ ပိုမိုအားကောင်းနိုင်သည်။[၄၇] အတွင်းပိုင်းမှ မြင့်တက်လာသော အပူရှိန်ကြောင့် တွန်းအားပေးခံရသည့် ရေတိမ်များသည် ကမ္ဘာ့ မုန်တိုင်းများ ဖြစ်ပေါ်သကဲ့သို့သော နည်းလမ်းမျိုးဖြင့် မုန်တိုင်းများကို ဖြစ်ပေါ်စေသည်ဟု ယူဆရသည်။[၄၈] ဂျူနို (Juno) အာကာသယာဉ် စူးစမ်းလေ့လာမှုအရ လေထု၏ အတန်ငယ် မြင့်မားသော နေရာရှိ အမိုးနီးယား-ရေ တိမ်များမှ စတင်ဖြစ်ပေါ်လာသည့် ရေပေါ်ပိုင်း လျှပ်စီးလက်ခြင်း (shallow lightning) တည်ရှိမှုကို ဖော်ထုတ်ပြသခဲ့သည်။[၄၉] ဤလျှပ်စီးကြောင်းများသည် ရေခဲဖုံးလွှမ်းနေသော ရေနှင့်အမိုးနီးယား ရောစပ်ထားသည့် ပျော့ဖတ်လုံးများ (mushballs) ကို သယ်ဆောင်လာကြပြီး လေထု၏ အနက်ရှိုင်းသို့ ပြုတ်ကျကြသည်။[၅၀] ဂျူပီတာ၏ အထက်ပိုင်း လေထုတွင် အထက်လေထု လျှပ်စီးလက်မှုများကို စောင့်ကြည့် တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ ၁.၄ မီလီစက္ကန့်ခန့် ကြာမြင့်သည့် တောက်ပသော အလင်းလက်များ ဖြစ်ကြသည်။ ၎င်းတို့ကို elves သို့မဟုတ် sprites ဟု လူသိကြပြီး ဟိုက်ဒရိုဂျင်ကြောင့် အပြာရောင် သို့မဟုတ် ပန်းရောင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။[၅၁][၅၂]
ဂျူပီတာ၏ တိမ်များတွင် တွေ့ရသော လိမ္မော်ရောင်နှင့် အညိုရောင်တို့မှာ နေမှလာသော ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့သည့်အခါ အရောင်ပြောင်းသွားတတ်သော အပေါ်သို့ စီးဆင်းလာသည့် ဒြပ်ပေါင်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တိကျသော ပါဝင်ဖွဲ့စည်းပုံမှာ မသေချာသေးသော်လည်း အဆိုပါ ပစ္စည်းများသည် ဖော့စဖရပ်စ်၊ ဆာလဖာ သို့မဟုတ် ဟိုက်ဒရိုကာဘွန်များဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆရသည်။[၅၃] ခရိုမိုဖိုး (chromophores) ဟု လူသိများသော ဤအရောင်စုံ ဒြပ်ပေါင်းများသည် အောက်ဘက်တိမ်ထပ်၏ ပိုမိုနွေးထွေးသော တိမ်များနှင့် ရောနှောနေကြသည်။ အပေါ်သို့ တက်လာသော ပူအောင်းစီးဆင်းမှု ဆဲလ်များ (convection cells) က ခရိုမိုဖိုးများကို ဖုံးကွယ်ထားသည့် ပုံဆောင်ခဲဖြစ်ပေါ်နေသော အမိုးနီးယားများကို ဖြစ်ပေါ်စေသောအခါ အရောင်လင်းလက်သည့် ဇုန်များ ဖြစ်ပေါ်လာသည်။ ဂျူပီတာတွင် လည်ပတ်ဝင်ရိုး စောင်းမှု နည်းပါးသဖြင့် ဂြိုဟ်၏ အီကွေတာ ဒေသထက် ဝင်ရိုးစွန်းများက နေရောင်ခြည် စွမ်းအင်ကို အမြဲတမ်း ပိုမိုနည်းပါးစွာ လက်ခံရရှိစေသည်။ ဂြိုဟ်၏ အတွင်းပိုင်းအတွင်းရှိ ပူအောင်းစီးဆင်းမှု (convection) က စွမ်းအင်များကို ဝင်ရိုးစွန်းများဆီသို့ သယ်ဆောင်ပေးကာ တိမ်လွှာရှိ အပူချိန်များကို မျှတစေသည်။
ဂြိုဟ်ရံလများ
ဂျူပီတာဂြိုဟ်တွင် အတည်ပြုပြီးသား သဘာဝ ဂြိုဟ်ရံလ ၁၁၅ စင်း ရှိပြီး၊ အဝေးကြည့်မှန်ပြောင်းဖြင့် စောင့်ကြည့်လေ့လာမှုများ တိုးပွားလာခြင်းကြောင့် ဤအရေအတွက်မှာ ဆက်လက် တိုးပွားလာဖွယ် ရှိသည်။ ၎င်းတို့အနက် အချင်း ၁၀ ကီလိုမီတာထက် ပိုမိုကြီးမားသည်မှာ ၁၆ စင်းသာ ရှိသည်။ ဂယ်လီလီယို အရံလများ (Galilean moons) ဟု လူသိများသော အကြီးဆုံး ဂြိုဟ်ရံလလေးစင်းမှာ အရွယ်အစား ကြီးစဉ်ငယ်လိုက် အားဖြင့် ဂဲနီမီးဒ် (Ganymede)၊ ကယ်လစ်စတို (Callisto)၊ အိုင်အို (Io) နှင့် ယူရိုပါ (Europa) တို့ ဖြစ်ကြပြီး ကောင်းကင်သာယာသည့် ညတစ်ညတွင် ကမ္ဘာမြေမှ အဝေးကြည့်မှန်ပြောင်းငယ်များဖြင့် မြင်တွေ့နိုင်သည်။
ဂယ်လီလီယံ လများ
ဂယ်လီလီယို ရှာဖွေတွေ့ရှိခဲ့သော အရံလများဖြစ်သည့် အိုင်အို၊ ယူရိုပါ၊ ဂဲနီမီးဒ် နှင့် ကယ်လစ်စတို တို့သည် နေအဖွဲ့အစည်းအတွင်း အကြီးဆုံး အရံလများထဲတွင် ပါဝင်ကြသည်။ အိုင်အို၊ ယူရိုပါနှင့် ဂဲနီမီးဒ်တို့၏ ပတ်လမ်းများသည် လက်ပလပ်စ် အသံဟုန်ညီမျှမှု (Laplace resonance) ဟု လူသိများသော ပုံစံတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ အိုင်အိုသည် ဂျူပီတာကို ပတ်လမ်းလေးပတ် ပတ်သည့်အခါတိုင်း ယူရိုပါက နှစ်ပတ်တိတိ ပတ်ပြီး၊ ဂဲနီမီးဒ်က တစ်ပတ်တိတိ ပတ်သည်။ ဤအသံဟုန်ညီမျှမှုကြောင့် ကြီးမားသော အရံလသုံးစင်း၏ ဆွဲငင်အား သက်ရောက်မှုများသည် ၎င်းတို့၏ ပတ်လမ်းများကို ဘဲဥပုံစံများအဖြစ် ပုံသဏ္ဌာန်ပျက်ယွင်းစေသည်။ အကြောင်းမှာ အရံလ တစ်စင်းစီသည် ၎င်း၏ ပတ်လမ်း တစ်ပတ်ချင်းစီရှိ တူညီသော အမှတ်တွင် အိမ်နီးချင်း အရံလများထံမှ အပိုအထူးဆွဲငင်အားများကို ခံရသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဂျူပီတာ၏ ဒီရေစွမ်းအား (tidal force) သည် ၎င်းတို့၏ ပတ်လမ်းများကို စက်ဝိုင်းပုံစံ ဖြစ်လာစေရန် လုပ်ဆောင်ပေးသည်။[၅၄]
၎င်းတို့၏ ပတ်လမ်းများတွင် ဘဲဥပုံစံ လွဲမှားမှု (eccentricity) ရှိနေခြင်းကြောင့် အရံလသုံးစင်း၏ ပုံသဏ္ဌာန်များကို ပုံမှန် ပြောင်းလဲတွန့်လိမ်စေသည်။ ဂျူပီတာနှင့် နီးကပ်လာသည့်အခါ ဂျူပီတာ၏ ဆွဲငင်အားက ၎င်းတို့ကို ဆန့်ထွက်စေပြီး၊ ဝေးရာသို့ ရွေ့သွားသည့်အခါ ပိုမိုလုံးဝန်းသော ပုံစံများဆီသို့ ပြန်လည် တန်ပြန်ပျော့ပြောင်းသွားစေသည်။ ဤကဲ့သို့ ဒီရေကြောင့် တွန့်လိမ်မှုများ ဖြစ်ပေါ်ရာမှ ထွက်ပေါ်လာသည့် ပွတ်တိုက်အားသည် အရံလများ၏ အတွင်းပိုင်းတွင် အပူရှိန်ကို ထုတ်ပေးသည်။ ဤဖြစ်စဉ်ကို ဒီရေစွမ်းအား အပြင်းထန်ဆုံး ခံရသည့် အိုင်အိုလ၏ မီးတောင် လှုပ်ရှားမှုများတွင် အထင်ရှားဆုံး တွေ့ရှိရပြီး ယူရိုပါ၏ မျက်နှာပြင်တွင်မူ ၎င်း၏ အပြင်ဘက်ပိုင်း မကြာသေးမီက ပြန်လည် ဖုံးလွှမ်းခဲ့ခြင်းကို ညွှန်ပြနေသည့် ဘူမိဗေဒဆိုင်ရာ နုပျိုမှုတွင် အတိုင်းအတာ တစ်ခုအထိ တွေ့ရှိရသည်။[၅၅]
အိုင်အိုဂြိုဟ်ရံလ

အိုင်အိုသည် ဂျူပီတာ၏ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့အစည်းတွင် စတုတ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပါသည်။ အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံလများထက် အတွင်းပိုင်းကျသော (ဂျူပီတာနှင့် ပိုမိုနီးကပ်သော) နေရာမှာ တည်ရှိသည်။
အိုင်အိုသည် မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိသည်။ နေအဖွဲ့အစည်းမှာတွင်လှုပ်ရှားတုန်ခါမှု အများဆုံးဂြိုဟ်ရံလ တစ်ခုပါဖြစ်သည်။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ အရည်များသည်မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်နေသည်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိသည်။ အချို့တောင်များသည် ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြပါစည်။ ရေ နှင့် ရေခဲတို့ မရှိပါပေ။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်နေသည်။ ဆာလဖာ၊ ချော်ရည်များ စီးဆင်းခြင်းကြောင့် အိုင်အို၏ အရောင်သည် အဝါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျက် နေကာ ဆေးရောင်ခြယ်ထားသလို ဖြစ်နေပါသည်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များတွင် ဂယ်လီလီယို အာကာသယာဉ်က အိုင်အို အနီးကို ဖြတ်သန်း၍ မှတ်တမ်းများ ရယူနိုင်ခဲ့သည်။
ယူရိုပါဂြိုဟ်ရံလ
ယူရိုပါ ဂြိုဟ်ရံလသည် ကြာသပတေးဂြိုဟ်၏ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုဖြစ်ပြီး ကမ္ဘာ၏ ဂြိုဟ်ရံလ (လမင်းကြီး) ထက် အနည်းငယ် သေးငယ်ပါသည်။ ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာတစ်ခုလည်း ရှိသည်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။ နေမှလည်း အလွန် ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျက် ရှိသည်။ ရေခဲပြင်များ၏ အောက်တွင်မူ ရေများ စီးဆင်းလျက် ရှိသည်။ သမုဒ္ဒရာကြီးသည် အနက် (၆၄) မိုင် အထိ ရှိသည်။
ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် ၎င်း၏ ဝင်ရိုးပေါ်တွင် လှည့်ပတ်နေခြင်း မရှိသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံ အတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍ မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်သည်။ ရေခဲပြင်အောက်တွင် ထိုကဲ့သို့ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓာတ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ၎င်း အနွေးဓာတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တဝါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်သည်။[၅၆]
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||
| အရောင်တုများဖြင့် ပြသထားသော ဂယ်လီလီယို အရံလများ ဖြစ်သည့် အိုင်အို၊ ယူရိုပါ၊ ဂဲနီမီးဒ် နှင့် ကယ်လစ်စတို (ဂျူပီတာဂြိုဟ်မှ အကွာအဝေး ကြီးစဉ်ငယ်လိုက် အတိုင်းအတာအရ စီထားသည်။) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||
နေအဖွဲ့အစည်းအပေါ် သက်ရောက်မှုများ

ဂျူပီတာဂြိုဟ်သည် ၎င်း၏ ကြီးမားလှသော ဆွဲငင်အားကျင်း (gravity well) နှင့် နေအဖွဲ့အစည်း၏ အတွင်းပိုင်းနှင့် နီးကပ်သော တည်နေရာတို့ကြောင့် နေအဖွဲ့အစည်း၏ ဖုန်စုပ်စက်ဟု[၆၀] အမည်တွင်ခဲ့သည်။ နေအဖွဲ့အစည်းအတွင်းရှိ အခြားသော ဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ဂျူပီတာတွင် ကြယ်တံခွန်များကဲ့သို့သော ဝင်ရောက်ရိုက်ခတ်မှုများ ပိုမိုများပြားစွာ ဖြစ်ပေါ်လေ့ရှိသည်။[၆၁] ဥပမာအားဖြင့် ဂျူပီတာသည် ကမ္ဘာမြေထက် ပုံမှန်အားဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားနှင့် ကြယ်တံခွန် ရိုက်ခတ်မှုများကို အဆပေါင်း ၂၀၀ ခန့် ပိုမိုခံစားရသည်။
သိပ္ပံပညာရှင်များက ဂျူပီတာသည် အတွင်းပိုင်း နေအဖွဲ့အစည်းအား ကြယ်တံခွန်များ ဝင်ရောက်ရိုက်ခတ်ခြင်းမှ တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးထားသည်ဟု ယခင်က ယူဆခဲ့ကြသည်။ သို့သော် ၂၀၀၈ ခုနှစ်က ကွန်ပျူတာ စံနမူနာ ဖန်တီးမှုများ (computer simulations) အရ ဂျူပီတာ၏ ဆွဲငင်အားသည် ကြယ်တံခွန်များ၏ ပတ်လမ်းများကို အတွင်းဘက်သို့ ပြောင်းလဲစေသည်နှင့်အမျှ ၎င်းတို့ကို စုစည်းဆွဲငင်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းတို့ အကြိမ်များစွာ ဖြစ်ပေါ်စေသဖြင့် ဂျူပီတာကြောင့် အတွင်းပိုင်း နေအဖွဲ့အစည်းကို ဖြတ်သန်းသွားသော ကြယ်တံခွန် အရေအတွက် စုစုပေါင်း လျော့ကျသွားခြင်း မရှိကြောင်း ညွှန်းပြနေသည်။ အချို့က ဂျူပီတာသည် ခိုက်ပါး ခါးပတ်မှ ကြယ်တံခွန်များကို ကမ္ဘာဆီသို့ ဆွဲငင်လာစေသည်ဟု ယူဆကြပြီး၊ အချို့ကမူ ဂျူပီတာသည် အော့ဗ် တိမ်တိုက်မှ ကမ္ဘာကို ကာကွယ်ပေးသည်ဟု ယုံကြည်ကြသဖြင့် ဤအကြောင်းအရာမှာ သိပ္ပံပညာရှင်များအကြား ယခုတိုင် အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲ ဖြစ်သည်။
၁၉၉၄ ခုနှစ် ဇူလိုင်လတွင် ရှူးမိတ်ကာ-လီဗီ ၉ ကြယ်တံခွန်သည် ဂျူပီတာဂြိုဟ်နှင့် ဝင်ရောက်တိုက်မိခဲ့သည်။[၆၂][၆၃] အဆိုပါ ရိုက်ခတ်မှုများကို ဟာဘယ် အာကာသ တယ်လီစကုပ်နှင့် ဂယ်လီလီယို အာကာသယာဉ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နက္ခတ်တာရာ လေ့လာရေးစခန်းများက အနီးကပ် စောင့်ကြည့် လေ့လာခဲ့ကြပြီး[၆၄][၆၅][၆၆] ယင်းဖြစ်ရပ်ကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။[၆၇]
ရှေးဦးခေတ် နက္ခတ္တဗေဒ မှတ်တမ်းများနှင့် ပုံဥပမာများကို စစ်ဆေးချက်အရ ၁၆၆၄ ခုနှစ်နှင့် ၁၈၃၉ ခုနှစ်ကြားတွင် ဖြစ်နိုင်ချေရှိသော ရိုက်ခတ်မှု လေ့လာစောင့်ကြည့်မှု ဥပမာ ရှစ်ခုကို တွေ့ရှိခဲ့ရသည်။ သို့သော် ၁၉၉၇ ခုနှစ် ပြန်လည်သုံးသပ်ချက် တစ်ရပ်အရ ဤလေ့လာစောင့်ကြည့်မှုများသည် ရိုက်ခတ်မှုများ၏ ရလဒ် ဖြစ်လာနိုင်ခြေ အလွန်နည်းပါးကြောင်း သို့မဟုတ် လုံးဝမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အဆိုပါ သုတေသနအဖွဲ့၏ နောက်ထပ် စုံစမ်းစစ်ဆေးချက်များအရ ၁၆၉၀ ခုနှစ်တွင် နက္ခတ္တဗေဒပညာရှင် ဂျီယိုဗန်နီ ကက်စီနီ တွေ့ရှိခဲ့သော ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ အမည်းစက် လက္ခဏာမှာ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အမာရွတ်တစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။[၆၈]
မြန်မာကျမ်းဂန်လာ ကြသပတေးဂြိုဟ်
ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်၊ တော်သလင်း၊ ပြာသို၊ တပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ [၆၉]
သက်ဆိုင်သော ဆောင်းပါးများ
ကိုးကား
- ↑ Jupiter, entry in the Oxford English Dictionary, prepared by J. A. Simpson and E. S. C. Weiner, vol. 8, second edition, Oxford: Clarendon Press, 1989. ISBN 0-19-861220-6 (vol. 8), ISBN 0-19-861186-2 (set.)
- ↑ "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663–683. Bibcode: 1994A&A...282..663S.
- ↑ Seligman၊ Courtney။ Rotation Period and Day Length။ August 13, 2009 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 Williams၊ David R. (November 16, 2004)။ Jupiter Fact Sheet။ NASA။ 26 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 8, 2007 တွင် ပြန်စစ်ပြီး။
- ↑ The MeanPlane (Invariable plane) of the Solar System passing through the barycenter (April 3, 2009)။ 20 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 10, 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 1 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . written by Aldo Vitagliano; see also Invariable plane)
- ↑ Solar System Exploration: Jupiter: Facts & Figures။ NASA (May 7, 2008)။ 25 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Astrodynamic Constants။ JPL Solar System Dynamics (February 27, 2009)။ August 8, 2007 တွင် ပြန်စစ်ပြီး။
- ↑ Seidelmann, P. K. (2001)။ Report of the IAU/IAG Working Group on Cartographic Coordinates and Rotational Elements of the Planets and Satellites: 2000။ HNSKY Planetarium Program။ 12 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 2, 2007 တွင် ပြန်စစ်ပြီး။
- ↑ "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi:. Bibcode: 2007CeMDA..98..155S.
- ↑ Anonymous (March 1983). "Probe Nephelometer". Galileo Messenger (6). NASA/JPL. Retrieved on February 12, 2007.
- ↑ Guillot၊ Tristan; Stevenson၊ David J.; Hubbard၊ William B.; Saumon၊ Didier (2004)။ "The interior of Jupiter"။ in Bagenal၊ Fran; Dowling၊ Timothy E.; McKinnon၊ William B. (eds.)။ Jupiter. The planet, satellites and magnetosphere။ Cambridge planetary science။ 1။ Cambridge, UK: Cambridge University Press။ p. 45။ Bibcode:2004jpsm.book...35G။ ISBN 0-521-81808-7။ March 26, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ March 19, 2023 တွင် ပြန်စစ်ပြီး။
- ↑ "Age of Jupiter inferred from the distinct genetics and formation times of meteorites" (June 2017). Proceedings of the National Academy of Sciences 114 (26): 6712–6716. doi:. PMID 28607079. Bibcode: 2017PNAS..114.6712K.
- ↑ Denecke၊ Edward J. (January 7, 2020)။ Regents Exams and Answers: Earth Science—Physical Setting 2020။ Barrons Educational Series။ p. 419။ ISBN 978-1-5062-5399-2။
- ↑ "NOTE: New Constraints on the Composition of Jupiter from Galileo Measurements and Interior Models" (December 1997). Icarus 130 (2): 534–539. doi:. Bibcode: 1997Icar..130..534G.
- ↑ Bagenal၊ Fran; Dowling၊ Timothy E.; McKinnon၊ William B., eds. (2006)။ Jupiter: The Planet, Satellites and Magnetosphere။ Cambridge University Press။ pp. 59–75။ ISBN 0-521-03545-7။
- ↑ "Infrared Polar Brightening on Jupiter III. Spectrometry from the Voyager 1 IRIS Experiment" (1985). Icarus 64 (2): 233–248. doi:. Bibcode: 1985Icar...64..233K.
- ↑ "Zonal Features in the Behavior of Weak Molecular Absorption Bands on Jupiter" (2021). Solar System Research 55 (1): 35–46. doi:. Bibcode: 2021SoSyR..55...35V.
- ↑ "The helium abundance of Jupiter from Voyager" (1981). Journal of Geophysical Research 86 (A10): 8713–8720. doi:. Bibcode: 1981JGR....86.8713G.
- ↑ "Jupiter's Atmospheric Composition from the Cassini Thermal Infrared Spectroscopy Experiment" (September 10, 2004). Science 305 (5690): 1582–1586. doi:. PMID 15319491. Bibcode: 2004Sci...305.1582K.
- ↑ Solar Nebula Supermarket။ nasa.gov (December 2017)။ July 17, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 10, 2023 တွင် ပြန်စစ်ပြီး။
- ↑ "The Galileo Probe Mass Spectrometer: Composition of Jupiter's Atmosphere" (1996). Science 272 (5263): 846–849. doi:. PMID 8629016. Bibcode: 1996Sci...272..846N.
- ↑ "Helium in Jupiter's atmosphere: Results from the Galileo probe Helium Interferometer Experiment" (1998). Journal of Geophysical Research 103 (E10): 22815–22829. doi:. Bibcode: 1998JGR...10322815V.
- ↑ Stevenson, David J. (May 2020). "Jupiter's Interior as Revealed by Juno". Annual Review of Earth and Planetary Sciences 48: 465–489. doi:. Bibcode: 2020AREPS..48..465S.
- ↑ Outer Planets: The Ice Giants။ Lunar & Planetary Institute (June 1, 2005)။ October 9, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 1, 2007 တွင် ပြန်စစ်ပြီး။
- ↑ Hofstadter၊ Mark (2011)၊ "The Atmospheres of the Ice Giants, Uranus and Neptune" (PDF)၊ White Paper for the Planetary Science Decadal Survey၊ US National Research Council၊ pp. 1–2၊ July 17, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ၊ January 18, 2015 တွင် ပြန်စစ်ပြီး
- ↑ MacDougal၊ Douglas W. (2012)။ "A Binary System Close to Home: How the Moon and Earth Orbit Each Other"။ Newton's Gravity။ Undergraduate Lecture Notes in Physics (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Springer New York။ pp. 193–211။ doi:10.1007/978-1-4614-5444-1_10။ ISBN 978-1-4614-5443-4။
the barycentre is 743,000 km from the centre of the Sun. The Sun's radius is 696,000 km, so it is 47,000 km above the surface.
- ↑ Burgess၊ Eric (1982)။ By Jupiter: Odysseys to a Giant။ New York: Columbia University Press။ ISBN 978-0-231-05176-7။
- ↑ Shu၊ Frank H. (1982)။ The physical universe: an introduction to astronomy။ Series of books in astronomy (12th ed.)။ University Science Books။ p. 426။ ISBN 978-0-935702-05-7။
- ↑ Davis၊ Andrew M.; Turekian၊ Karl K. (2005)။ Meteorites, comets, and planets။ Treatise on geochemistry။ 1။ Elsevier။ p. 624။ ISBN 978-0-08-044720-9။
- ↑ Schneider၊ Jean (2009)။ "The Extrasolar Planets Encyclopedia: Interactive Catalogue"။ Extrasolar Planets Encyclopaedia။ October 28, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ August 9, 2014 တွင် ပြန်စစ်ပြီး။
- ↑ "3D Selection of 167 Substellar Companions to Nearby Stars" (August 2022). The Astrophysical Journal Supplement Series 262 (21). doi:. Bibcode: 2022ApJS..262...21F.
- ↑ Mamajek၊ E. E; Prsa၊ A; Torres၊ G; et al. (2015)။ "IAU 2015 Resolution B3 on Recommended Nominal Conversion Constants for Selected Solar and Planetary Properties"။ arXiv:1510.07674 [astro-ph.SR]။
- ↑ Elkins-Tanton၊ Linda T. (2011)။ Jupiter and Saturn (revised ed.)။ New York: Chelsea House။ ISBN 978-0-8160-7698-7။
- ↑ Irwin၊ Patrick (2003)။ Giant Planets of Our Solar System: Atmospheres, Composition, and Structure။ Springer Science & Business Media။ p. 62။ ISBN 978-3-540-00681-7။ June 19, 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ April 23, 2022 တွင် ပြန်စစ်ပြီး။
- ↑ Irwin၊ Patrick G. J. (2009) [2003]။ Giant Planets of Our Solar System: Atmospheres, Composition, and Structure (Second ed.)။ Springer။ p. 4။ ISBN 978-3-642-09888-8။ June 19, 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ March 6, 2021 တွင် ပြန်စစ်ပြီး။
the radius of Jupiter is estimated to be currently shrinking by approximately 1 mm/yr
. - ↑ Guillot၊ Tristan; Stevenson၊ David J.; Hubbard၊ William B.; Saumon၊ Didier (2004)။ "Chapter 3: The Interior of Jupiter"။ in Bagenal၊ Fran; Dowling၊ Timothy E.; McKinnon၊ William B. (eds.)။ Jupiter: The Planet, Satellites and Magnetosphere။ Cambridge University Press။ ISBN 978-0-521-81808-7။
- ↑ Bodenheimer, P. (1974). "Calculations of the early evolution of Jupiter". Icarus 23 (3): 319–325. doi:. Bibcode: 1974Icar...23..319B.
- ↑ Jupiter Was Formerly Twice Its Current Size and Had a Much Stronger Magnetic Field (May 20, 2025)။ October 30, 2025 တွင် ပြန်စစ်ပြီး။
- ↑ "Mass-Radius Relationships for Solid Exoplanets" (2007). The Astrophysical Journal 669 (2): 1279–1297. doi:. Bibcode: 2007ApJ...669.1279S.
- ↑ How the Universe Works 3။ Jupiter: Destroyer or Savior?။ Discovery Channel။ 2014။
- ↑ Guillot, Tristan (1999). "Interiors of Giant Planets Inside and Outside the Solar System". Science 286 (5437): 72–77. doi:. PMID 10506563. Bibcode: 1999Sci...286...72G.
- ↑ "The theory of brown dwarfs and extrasolar giant planets" (July 2001). Reviews of Modern Physics 73 (3): 719–765. doi:. Bibcode: 2001RvMP...73..719B. “Hence the HBMM at solar metallicity and Yα = 50.25 is 0.07 – 0.074 M☉, ... while the HBMM at zero metallicity is 0.092 M☉”
- ↑ "Composition and origin of the atmosphere of Jupiter—an update, and implications for the extrasolar giant planets" (February 2003). Planetary and Space Science 51 (2): 105–112. doi:. Bibcode: 2003P&SS...51..105A.
- ↑ "Coloring Jupiter's clouds: Radiolysis of ammonium hydrosulfide (NH4SH)" (March 2018). Icarus 302: 418–425. doi:. Bibcode: 2018Icar..302..418L.
- ↑ Ingersoll၊ Andrew P.; Dowling၊ Timothy E.; Gierasch၊ Peter J.; Orton၊ Glenn S.; Read၊ Peter L.; Sánchez-Lavega၊ Agustin; Showman၊ Adam P.; Simon-Miller၊ Amy A.; Vasavada၊ Ashwin R. (2004)။ "Dynamics of Jupiter's Atmosphere"။ in Bagenal၊ Fran; Dowling၊ Timothy E.; McKinnon၊ William B. (eds.)။ Jupiter. The Planet, Satellites and Magnetosphere (PDF)။ Cambridge planetary science။ 1။ Cambridge, UK: Cambridge University Press။ pp. 105–128။ Bibcode:2004jpsm.book..105I။ ISBN 0-521-81808-7။ October 9, 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ March 8, 2022 တွင် ပြန်စစ်ပြီး။
- ↑ "Lightning Generation in Moist Convective Clouds and Constraints on the Water Abundance in Jupiter" (February 2021). Journal of Geophysical Research: Planets 126 (2). doi:. Bibcode: 2021JGRE..12606504A. e06504.
- ↑ Surprising Jupiter: Busy Galileo spacecraft showed jovian system is full of surprises။ NASA (February 25, 2006)။ October 8, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 20, 2007 တွင် ပြန်စစ်ပြီး။
- ↑ Kerr, Richard A. (2000). "Deep, Moist Heat Drives Jovian Weather". Science 287 (5455): 946–947. doi:.
- ↑ "Small lightning flashes from shallow electrical storms on Jupiter" (2020). Nature 584 (7819): 55–58. doi:. ISSN 0028-0836. PMID 32760043. Bibcode: 2020Natur.584...55B.
- ↑ "Storms and the Depletion of Ammonia in Jupiter: I. Microphysics of "Mushballs"" (2020). Journal of Geophysical Research: Planets 125 (8). doi:. Bibcode: 2020JGRE..12506403G.
- ↑ "Possible Transient Luminous Events Observed in Jupiter's Upper Atmosphere" (2020). Journal of Geophysical Research: Planets 125 (11). doi:. Bibcode: 2020JGRE..12506659G. e06659.
- ↑ Juno Data Indicates 'Sprites' or 'Elves' Frolic in Jupiter's Atmosphere (October 27, 2020)။ January 27, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 30, 2020 တွင် ပြန်စစ်ပြီး။
- ↑ Strycker၊ P. D.; Chanover၊ N.; Sussman၊ M.; Simon-Miller၊ A. (2006)။ A Spectroscopic Search for Jupiter's Chromophores။ DPS meeting No. 38, #11.15။ American Astronomical Society။ Bibcode:2006DPS....38.1115S။
- ↑ "Numerical simulations of the orbits of the Galilean satellites" (2002). Icarus 159 (2): 500–504. doi:. Bibcode: 2002Icar..159..500M.
- ↑ McFadden၊ Lucy-Ann; Weissmann၊ Paul; Johnson၊ Torrence (2006)။ Encyclopedia of the Solar System။ Elsevier Science။ p. 446။ ISBN 978-0-08-047498-4။
- ↑ Curiosity Science magazine in Myanmar(Issue 002)
- 1 2 Yeomans၊ Donald K. (13 July 2006)။ Planetary Satellite Physical Parameters။ JPL Solar System Dynamics။ 14 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2007 တွင် ပြန်စစ်ပြီး။
- ↑ "The Galilean Satellites" (October 1, 1999). Science 286 (5437): 77–84. doi:. PMID 10506564. Bibcode: 1999Sci...286...77S.
- ↑ "Shape, mean radius, gravity field and interior structure of Callisto" (2001). Icarus 153 (1): 157–161. doi:. Bibcode: 2001Icar..153..157A.
- ↑ "Caught in the act: Fireballs light up Jupiter"၊ ScienceDaily၊ September 10, 2010။
- ↑ "Collisional Probability of Periodic Comets with the Terrestrial Planets: An Invalid Case of Analytic Formulation" (1998). Astronomical Journal 115 (2): 848–854. doi:. Bibcode: 1998AJ....115..848N.
- ↑ In Depth | P/Shoemaker-Levy 9 (December 9, 2017)။ February 2, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ Howell၊ Elizabeth (January 24, 2018)။ Shoemaker-Levy 9: Comet's Impact Left Its Mark on Jupiter (in en)။ December 6, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ information@eso.org။ The Big Comet Crash of 1994 – Intensive Observational Campaign at ESO (in en)။ December 3, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ Top 20 Comet Shoemaker-Levy Images။ November 27, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ Hubble Observations Shed New Light on Jupiter Collision (December 30, 2004)။ November 12, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ NASA TV Coverage on Comet Shoemaker-Levy။ September 8, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2021 တွင် ပြန်စစ်ပြီး။
- ↑ "Discovery of a Possible Impact SPOT on Jupiter Recorded in 1690" (February 1997). Publications of the Astronomical Society of Japan 49: L1–L5. doi:. Bibcode: 1997PASJ...49L...1T.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

